Post တော်တော် များများ ကို တင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အချိန်မပေးနိုင်တာရယ်၊ Connection မကောင်းတာရယ် ကြောင့် Post တွေကို မတင်ဖြစ်ခဲ့ဘူး။ အခုလည်း ဝင်ကြည့်လက်စနဲ့ ဘာရယ် မဟုတ်ဘူး အချိန်လည်း နဲနဲ ရတယ်။ Connection လည်း မဆိုးဘူး ဆိုပြီး။ ဒီမှာ တစ်ယောက် Comment ပေးထားတဲ့ အတိုင်းပဲ ပြောချင်တာလေး ရေးလိုက်ပါတယ်။
အားလုံးပဲ ကျန်းမာ ပျော်ရွှင်ပြီး ကိုယ့် အတွက်ကောင်းကျိုး၊ နှစ်ဦးနှစ်ဘက် ကောင်းကျိုး၊ အများကောင်းကျိုး တွေကို စထက်တစ်ပိုး သယ်ပိုးနိုင်ကြပါစေ ဆုတောင်းလိုက်ပါတယ်။
လူသားတိုင်း ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တ တရားများနင့် စိတ်မချမ်းဆွေ့ဖွယ် အသက်ရှင် နေထိုင်ရခြင်းမှ ကင်းဝေးဖို့ အခုအချိန်မှတော့ အဓိက ထား ပြီး ထပ်လောင်း ဆုတောင်းလိုက်ပါတယ်။
_____________________________________________________________________________________________
၊ လူတိုင်းလူတိုင်း မိမိကိုယ်ကို ပြန်လည် ဝေဖန် သုံးသပ်နိုင်ကြပါစေ…………….
ဆုတောင်လျက်………
တစ်ခါက အမြဲပျော်ရွှင်ခဲ့ဖူးသူ………. ၊
_____________________________________________________________________________________________
မတင်ဖြစ်သော Post လေးများ အကြောင်း။(နှင့် ဆုတောင်းခြင်းလေး အနည်းငယ်ရယ်)
Posted in 1 on 2009/05/25 by e2batch6ကြယ်တစ်ပွင့်နှင့်တူသောချစ်သူ
Posted in ကဗျာ on 2009/03/06 by e2batch6ညအချိန် ကောင်းကင်ယံအား အလွန်နှစ်သက်သည်။
ွကျွန်တော်သည် ကြယ်ကိုချစ်၏
ထို့ အတူ ချစ်သူကိုလည်း ချစ်၏
ထို့ ကြောင့် ချစ်သူသည် ကျွန်တော့်အတွက်တော့
ကြယ်တစ်စင်းဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ကြယ်သည်
ကန္တာရတွင် လမ်းပျောက်သူအတွက်
အမှောင်တွင်လင်းသော မြေပုံဖြစ်၏
ချစ်သူသည်လည်း ကြေကွဲဖွယ်ဒဏ်ရာများနှင့်
အမှောင် လမ်းမှားလျှောက်မိနေချိန်တွင်
အလင်းသို့ လမ်းပြခေါ်ဆောင်ပေးခဲ့သည်။
ဒီအတွက် ချစ်သူအား ကျေးဇူးတင်မိ၏
ထို့ ပြင် သက်ထက်မက ပိုပင်ချစ်မိသည်။
ဒါကြောင့်
ကျွန်ပြောတာပေါ့။
ချစ်သူကကြယ်တစ်စင်းပါလို့ ။
တင်စားမှုတိုင်းသည်သူ့ အကြောင်းနှင့်သူ ရှိကြသည်။
ဘယ်သူလဲ။
Posted in 1 with tags Hi HI on 2009/03/05 by e2batch6သူများ link blog ထဲ ဘယ်သူဝင်ရေးသွားတာလဲ။
ဒီကဘာရေးရမယ် စဉ်စားမရလို့ ညစ်ရတဲ့ကြားထဲ ဟင် နော်ဟင်း ထမင်းမဟုတ်ဘူး။
ညစ်တယ်နော်။
သင်တန်းဆင်းရက်
Posted in 1 on 2009/03/03 by e2batch6သင်တန်းတက်ရတာ အ၇မ်းပျော်စရာ ကောင်းပါတယ်။ ဆရာတွေ သင်တာလည်း အရမ်း ကောင်းပါတယ်။ egress မှာ ကျောင်းတက်ရတာ ကိုယ်ဘ၀မှာ မသိသေးတာတွေလည်း အများကြီးသိလာခဲ့ ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ သင်တန်းနဲ့ ပတ်သက်ပြီး ပြောစရာ လေးရှိလို့ ပါ။ အခုသင်တန်းဆင်း ပွဲကို ဧပြီလ 11 ရက် နေ့လောက်မှလုပ်မယ်လို့ ကြားနေရပါတယ်။ အဲဒါဆိုရင် နယ်ကို ပြန်မယ်လူတွေ အတွက်သင်္ကြန်နားနီးတော့နယ်ပြန်ဖို့အတွက် အခက်အခဲ တွေရှိနိုင်တာမို့ သင်တန်းဆင်းပွဲကို ဧပြီလဆန်း ၃ ရက်၊ ၄ရက်လောက်မှာ လုပ်ရင် အားလုံးအတွက် အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သင်တန်းမှ တာဝန်ရှိသူများ စဉ်းစားပေးကြပါလို့ ……….
Hello everybody
Posted in all i say on 2009/02/28 by e2batch6ဘာရေးရမလဲတွေးနေတာ တွေးလို့ ကို မရဘူး။တစ်ယောက်လောက် အကြံလေးဘာလေး ပေးကြပါလား။